OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)

NOVEL · SECTION 01 OF 01 · English

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete) — Section 1

မင်းကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လာရင် ကံကြမ္မာကိုတောင်စိန်ခေါ်ပစ်မယ်ငယ်ငယ် မင္းကိုပိုင္ဆိုင္ခြင့္နဲ႕ပတ္သပ္လာရင္ ကံၾကမၼာကိုေတာင္စိန္ေခၚပစ္မယ္ငယ္ငယ္

Read full book on one page (1 sections) ↗

THE READING ROOM

Text in English

Contents · 1 sectionsSection 1

01 / 01

Section 1

### Chapter 1: lntro

သူ့နံမည်က "ပင်ဝါးရုံငယ်" သာမန်အိုမီဂါလေးတစ်ယောက် တစ်နေ့အိမ်ပြန်လမ်းမှာ ဗေဒင်ဆရာတစ်ယောက်နဲ့တွေ့တယ် ပြီးတော့စာအုပ်တစ်အုပ်လက်ဆောင်ရခဲ့တယ် တစ်ညလုံးမအိပ်ဘဲဖတ်ခဲ့မိတဲ့စာအုပ်လေးထဲရောက်သွားလိမ့်မယ်လို့ သူမတွေးခဲ့ဖူးဘူး ပြီးတော့သူရောက်ရှိနေတဲ့ဇာတ်ကောင်က အဓိကဇာတ်လိုက်ကိုယ်တိုင် ရက်ရက်စက်စက်သတ်ပစ်တာခံရမယ့်သူ အဲ့တော့သူထွက်ပြေးရုံပေါ့ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကအဲ့လောက်ရိုးရှင်းမနေခဲ့ဘူး "ခင်ဗျားဘာလို့ ကျွန်တော့်နောက်လိုက်နေတာလဲ" "ပြေးတယ်ဆိုကတည်းကလိုက်စေချင်လို့မဟုတ်လား အဲ့အကွက်တွေကိုယ်သိပြီးသား" "အဲ့တာဆို ကျွန်တော်မပြေးတော့ဘူး" "ကောင်းပြီ လာ....လက်ထပ်ကြရအောင် ပြီးရင်သားသုံးယောက်မွေးပေးရမှာနော်" "......" ........ အားလုံးပဲ ABOတွေနဲ့ ရင်းနှီးပြီးသားလို့ထင်တဲ့အတွက် ငြိမ်းထွေထွေထူးထူးရှင်းမပြတော့ပါဘူးရှင့် ပြီးတော့ ABOဖြစ်တဲ့အတွက်အားလုံးက စိတ်ကူးယဥ်ဝတ္ထုမှန်းသိထားပြီးသားဖြစ်မှာပါ အပြင်လောကနဲ့ဘာမှမဆိုင်ပါဘူးရှင့် နေရာဒေသလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီမှအစ အားလုံးအပြင်လောကနဲ့မသက်ဆိုင်ပါ အကယ်၍ ငြိမ်းရေးသားထားတဲ့အကြောင်းအရာတွေကတစ်စုံတစ်ဦးရဲ့အဖြစ်အပျက် တစ်စုံတစ်ဦးရေးသားခဲ့တဲ့အကြောင်းအရာတွေနဲ့ တိုက်ဆိုင်နေသည်ရှိသော်လာရောက်ပြောကြားနိုင်ပါတယ်ရှင့် ချစ်တဲ့ငြိမ်း🌻🌞 နံမည္က ပင္ဝါး႐ုံငယ္ သာမန္အိုမီဂါေလးတစ္ေယာက္ တစ္ေန႕အိမ္ျပန္လမ္းမွာ ေဗဒင္ဆရာတစ္ေယာက္နဲ႕ေတြ႕တယ္ ၿပီးေတာ့ စာအုပ္တစ္အုပ္လက္ေဆာင္ရခဲ့တယ္ တစ္ညလုံးမအိပ္ဘဲဖတ္ခဲ့မိတဲ့စာအုပ္ေလးထဲေရာက္သြားလိမ့္မယ္လို႔ သူမေတြးခဲ့ဖူးဘူး ၿပီးေတာ့သူေရာက္ရွိေနတဲ့ဇာတ္ေကာင္က အဓိကဇာတ္လိုက္ကိုယ္တိုင္ ရက္ရက္စက္စက္ သတ္ပစ္တာခံရမယ့္သူ အဲ့ေတာ့ သူထြက္ေျပး႐ုံေပါ့ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ ကံၾကမၼာက အဲ့ေလာက္ရိုးရွင္းမေနခဲ့ဘူး "ခင္ဗ်ားဘာလို႔ ကြၽန္ေတာ့္ေနာက္လိုက္ေနတာလဲ" "ေျပးတယ္ဆိုကတည္းက လိုက္ေစခ်င္လို႔မဟုတ္လား အဲ့အကြက္ေတြ ကိုယ္သိၿပီးသား" "အဲ့တာဆို ကြၽန္ေတာ္မေျပးေတာ့ဘူး" "ေကာင္းၿပီ လာ လက္ထပ္ၾကရေအာင္ ၿပီးရင္ သားသုံးေယာက္ေမြးေပးရမွာေနာ္" "......" အားလုံးပဲ ABOတေွနဲ့ ရင္းႏွီးၿပီးသားလို႔ထင္တဲ့အတြက္ ၿငိမ္းေထြေထြထူးထူးရွင္းမျပေတာ့ပါဘူးရွင့္ ၿပီးေတာ့ ABO ျဖစ္တဲ့အတြက္ အားလုံးက စိတ္ကူးယဥ္ဝတၳဳမွန္းသိထားၿပီးသားျဖစ္မွာပါ အျပင္ေလာကနဲ႕ဘာမွမဆိုင္ပါဘူးရွင့္ ေနရာေဒသ လူပုဂၢိုလ္တစ္ဦးတစ္ေယာက္ခ်င္းစီမွအစ အားလုံးအျပင္ေလာကနဲ႕မသက္ဆိုင္ပါ အကယ္၍ ၿငိမ္းေရးသားထားတဲ့အေၾကာင္းအရာေတြက တစ္စုံတစ္ဦးရဲ႕အျဖစ္အပ်က္ တစ္စုံတစ္ဦးေရးသားခဲ့တဲ့အေၾကာင္းအရာေတြနဲ႕ တိုက္ဆိုင္ေနသည္ရွိေသာ္ လာေရာက္ေျပာၾကားနိုင္ပါတယ္ရွင့္ ခ်စ္တဲ့ၿငိမ္း🌻🌞

--------------------------------------------------

### Chapter 2: အပိုင်း ၁

ကောင်းကင်တစ်ခွင်လုံးကမှိုင်းညို့နေတယ်။မကြာခင်မုန်တိုင်းလာတော့မယ့်ပင်လယ်ပြင်လိုပတ်ဝန်းကျင်ကငြိမ်ငြိမ်သက်သက်။လင်းထိန်နေတဲ့ကတ္တရာလမ်းပေါ် သစ်ရွက်ကြွေသံသာတရှပ်ရှပ်။လမ်းတစ်လျှောက် အိမ်တံခါးတွေပိတ်ကာမီးအလင်းရောင်သာလျှံကျနေသည်။ လက်ထဲကိုင်ထားသည်အား ခပ်တင်းတင်းဆုပ်လိုက်မိသည်။လမ်းထိပ်စျေးဆိုင်မှဝယ်ယူခဲ့သောပဲနို့ကဒ်က စတော်ဘယ်ရီအရသာလေး။ဆိုင်ရှင်အန်တီကြီးအပိုပေးလိုက်တဲ့ပဲနို့ဗူးလေးကိုတပြွတ်ပြွတ်စုပ်ရင်း ခြေလှမ်းတွေကိုသွက်မိသည်။အိမ်နှင့်ဆိုင်ကသိပ်မဝေး၍တစ်ယောက်တည်းထွက်လာခြင်းအား ဖေဖေသိလျှင်ဆူအုံးမည်။ နှစ်မိနစ်စာသာကျန်သောခရီးလမ်းမှာအိမ်လေးအားမြင်နေရပြီ။ကားကလေးမတွေ့ရသေးပုံထောက် ဖေဖေပြန်မရောက်သေးဘူးထင်။ကျေနပ်သလိုပြုံးမိတော့ ပါးပြင်ထက်ကပါးချိုင့်လေးနှင့်အတူမှေးမှိတ်သွားတဲ့ မျက်ဝန်းဝိုင်းလေးတွေ။လူစည်ကားတဲ့နေ့အချိန်သာဆို လည်ပြန်ငေးကြည့်သူတွေ ခလုတ်တိုက်အုံးမည်။ "ကောင်လေး " လူခိုနားရန်ပြုလုပ်ပေးထားသောခုံတန်းလေးပေါ် ခပ်ကုတ်ကုတ်ထိုင်နေသောလူတစ်ယောက်။ခပ်ပွပွအနွေးထည်အောက်က ခန္ဓာကိုယ်ကပိန်ပိန်လှီလှီ။ကျိုးတိုးကျဲတဲဆံပင်ဖြူတွေကဇရာရဲ့အငွေ့သက်တွေ။လက်ထဲကိုင်ထားတာက ခပ်ထူထူစာအုပ်တစ်အုပ်။ခပ်မှိန်မှိန်လမ်းမီးရောင်ကြောင့် မျက်နှာကအမှောင်ထဲတစ်စွန်းတစ်စကွယ်ဝှက်ခံထားရသည်။ "ဗျာ ငယ်ငယ့်ကိုခေါ်တာလား" "ဟုတ်တယ်မင်း ဗေဒင်ကြည့်ချင်လား ဒီစာအုပ်လေးလက်ဆောင်ပေးမယ်ထောင့် ​ငါးရာပဲပေး" ငြင်းမယ့်စကားလုံးတွေကလည်ပင်းကနေအောက်ပြန်ဆင်းသည်။အိမ်ဘက်ပြန်လှည့်ကြည့်တော့ဖေဖေမရောက်သေး။ရောက်လာလည်းကိစ္စမရှိ အိမ်အားမြင်နေရပြီဖြစ်၍ ဖေဖေလာခေါ်စရာမလိုတော့။ရှေ့ကလူကြီးအားဂရုဏာသက်လို့ လက်ဝါးလေးဖြန့်ပေးလိုက်သည်။ဒီတိုင်းပိုက်ဆံပေးလိုက်၍ရသော်ငြား သူတစ်ပါးအားစော်ကားမိမည်ကို ငယ်ငယ်ကြောက်ပါသည်။ မထင်မရှားမီးရောင်အောက် သူ့လက်ဖဝါးလေးအားဆွဲလို့သေချာငုံ့ကြည့်နေရှာသည်။လေတစ်ချက်တိုက်လို့လွင့်ပါလာတဲ့ပန်းရနံ့က ဘေးအိမ်မှစံပယ်ရုံဆီက။သူခပ်ပါးပါးလေးပြုံးမိပါသည်။စံပယ်တွေကိုချစ်သည်ကိုး။ "မင်း အချစ်ရေးကံမကောင်းဘူးအချစ်ကိုမယုံကြည်နဲ့ မင်းကိုချစ်တဲ့သူကိုမယုံကြည်နဲ့ မင်းမှာချစ်ခွင့်မရှိဘူး အကယ်၍မင်းချစ်မိခဲ့ရင်နာကျင်ရလိမ့်မယ် မင်းအချစ်ကိုရတဲ့သူကမင်းကြောင့်သေလိမ့်မယ် မင်းကိုချစ်မိတဲ့သူကြောင့်မင်းသေလိမ့်မယ် မကောင်းမှု နတ်ဆိုးကမင်းကိုချစ်ခွင့်မပေးထားဘူး" ထိုစကားတွေအားကြားမိတော့ သူ,မထူးဆန်းသလိုပြုံးလိုက်မိသည်။ငယ်စဥ်ကတည်းကကြားလာရသောထိုစကားများက သူ့အတွက်အထူးအဆန်းမဟုတ်တော့။တွေ့ဖူးသမျှဗေဒင်ဆရာတိုင်းထိုစကားလုံးတွေအားပြောတတ်လွန်း၍ သူအလွတ်တောင်ရနေပြီ။ "ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ ဒီမှာဥာဏ်ပူဇော်ခလေးပါ မိုးရွာတော့မယ်ထင်တယ် အိမ်ပြန်သင့်ပြီဗျ" သူ့စကားအဆုံးလက်ထဲမှစာအုပ်အားကမ်းပေးကာ သူ့လက်ထဲမှပိုက်ဆံအားယူသွားလေသည်။ထို့နောက်ဘာမှမပြောဘဲပြန်ရန်အချက်ပြသူကြောင့် ကျောခိုင်းကာအိမ်ဆီ ခပ်သုတ်သုတ်ပြေးရသည်။ဖေဖေပြန်ရောက်နေပြီ။အိမ်ရောက်လျှင်အဆူခံရတော့မည်။ အလျှင်စလိုကျောခိုင်းသွားခြင်းနောက် ကျန်ခဲ့သောဗေဒင်ဆရာ၏ခပ်မဲ့မဲ့အပြုံးအားမမြင်နိုင်တော့သလို မျက်ဝန်းနီတစ်စုံကိုလည်းမမြင်လိုက်။ထိုလူက လက်ထဲမှပိုက်ဆံလေးအားမီးတောက်နီဖြင့်လောင်ကျွမ်းလိုက်၏။ထို့နောက်ခပ်တိုးတိုးရေရွတ်သံကမိုးစက်များအောက် ပျောက်ဆုံးသွားတော့သည်။ . . . ငယ်ငယ် ရရေချိုးကာPajamaအစိမ်းရောင်လေးထုတ်ဝတ်မိသည်။ထို့နောက်စောင်ပုံလေးထဲပြေးဝင်သွားတာယုန်လေးတစ်ကောင်လို။ညနေအိမ်ပြန်ရောက်တော့ဖေဖေမဆူ၍တော်သေးသည်။တစ်ယောက်တည်းဘယ်မှမသွားဖူး၍ ရပ်ကွက်ထဲကအိမ်အချို့တောင်မမှတ်မိတတ်တာ ငယ်ငယ့်အားနည်းချက်။ထို့ကြောင့်ဖေဖေကစိတ်မချ။ ညနေကမေမေ,မအား၍ တစ်ယောက်တည်းထွက်သွားမိခြင်း။ငါးမိနစ်ခန့်ခရီးမို့မေမေကစိတ်ချကာလွှတ်လိုက်ခြင်းပင်။ပြီးတော့အိမ်မှာစတော်ဘယ်ရီပဲနို့ကုန်နေပြီ။ညခင်းမိုးရွာမှာသေချာ၍ မနက်ဖြန်ဘယ်မှမထွက်ချင်တော့။အိမ်မှာပဲနေကာပန်းချီဆွဲမည်။ ဟုတ်သည် ငယ်ငယ်ကအိမ်မှာနေရင်းပန်းချီတွေဆွဲသည်။ငယ်ငယ့်အသက်က၂၃နှစ်။ဒီနှစ်မှဘွဲ့ရထားတာ။အပြင်သွားမှာစိတ်မချသောမိဘများက အိမ်မှာပန်းချီဆွဲဖို့အခန်းပြင်ပေးထားသည်။ဆွဲပြီးသားပန်းချီတွေကိုတော့ ဖေဖေ့သူငယ်ချင်းပြခန်းမှာတင်ပေးနေကျ။ ပြီးတော့ငယ်ငယ်ကလက်မှုပစ္စည်းလေးတွေလုပ်ရတာ၊ချည်ထိုးရတာ၊ဟင်းချက်တာ အကုန်ဝါသနာပါသည်။အပျင်းပြေဝတ္ထုလေးတွေလည်းရေးသေးသည်။ဖတ်သူသိပ်မရှိပေမယ့်ပေါ့။ "ဂျိန်း" အပြင်ဘက်ကောင်းကင်မှလျှပ်စီးနှင့်အတူ မိုးခြိမ်းသံကဂျိန်းကနဲ။မီးကလည်းဖြတ်ခနဲပျက်သည်။တော်သေးသည် ငယ်ငယ်အမှောင်ကြောက်တတ်မှန်းသိ၍ဖေဖေမီးစက်ကြိုနှိုးထားပေးလို့။ထို့နောက်စောင်လေးထဲကွေး၍ ညနေကရခဲ့သောစာအုပ်လေးအားဖွင့်သည်။ခေါင်းစဥ်မပါသော ဝတ္ထုကအခန်း၁ မှစသည်။ နိဒါန်းမပျိုး၊စာရေးသူနံမည်မပါ၊ခေါင်းစဥ်မရှိသောဝတ္ထုက အ​​ကြောင်းပြချက်မဲ့သူ့အားဆွဲဆောင်သည်။ထို့ကြောင့်မနက်သုံးနာရီထိသူမအိပ်ဖြစ်သေး။မိုးတွေကလည်းသည်းသည်းမည်းမည်းရွာသည်။ပတ်ဝန်းကျင်တစ်ခုလုံးကကမ္ဘာပျက်နေသလိုမျိုး။ရင်ထဲနင့်နေခြင်းမှာအဖြေရှာမရ။Happy Ending ဆိုသော်ငြားရင်ထဲတစ်တစ်ဆို့ဆို့။ ထို့နောက် စာအုပ်လေးခေါင်းအုံးအောက်ထိုးလို့ စောင်အားတင်းတင်းဆွဲကာခြုံလိုက်သည်။မျက်လုံးတွေကမှိတ်မရသေး။မှိတ်ခဲ့မိလျှင် အိမ်မက်ဆိုးမက်မည်ကိုကြိုသိနေသောစိတ်အားမုန်းပါသည်။ထို့နောက် ပြန်မစဥ်းစားဘဲဝင်ရောက်လာသောဝတ္ထုထဲကအကြောင်းအရာများ။ ဝတ္ထုကရိုးရှင်းပါသည်။အာဏာရှင်ဆန်ဆန် ဇာတ်လိုက်Alphaနှင့် ရိုးသားကြိုးစားကာမကြောက်ရွံ့တတ်သောOmegaလေး။ ဇာတ်လိုက်နံမည်က သမုဒ္ဒရာ(ခ)Ocean တစ်နိုင်ငံလုံးကိုထိန်းချုပ်ထားနိုင်တဲ့ အမျိုးသားဇာတ်လိုက်ပေါ့။သမ္မတကအစ သူ့ရဲ့ရုပ်သေးရုပ်လေးပါဘဲ။ညီနှစ်ယောက်ဖြစ်တဲ့ မိုးကုတ်စက်ဝိုင်း(ခ)Horizon နဲ့မဟာပထဝီ(ခ)Geoက နိုင်ငံရဲ့အတော်ဆုံးဆရာဝန်နဲ့ Hacker။ပြီးတော့ Dominant Alphaတွေချည်း။ အချမ်းသာဆုံး၊အင်အားအကြီးဆုံး ဒီမိသားစုကိုဘယ်သူတွေကမကြောက်မှာတဲ့လဲ။ရုပ်ရည်သွင်ပြင်ကအစအရှိန်အဝါနဲ့စည်းစိမ်ချမ်းသာတွေအဆုံး လိုချင်သူတွေဝိုင်းဝိုင်းလည်နေသော်လည်း အဓိကဇာတ်လိုက်ကအသက်၃၀ကျော်ထိလက်တွဲဖော်မရှိခဲ့။ရည်းစားပင်မထားခဲ့ဖူးသည်ဆိုလျှင်ပိုမှန်ပါလိမ့်မည်။ သူ၏ဖယ်ရိုမုန်းရနံ့ကို မည်သူမှမရဖူးသလို မည်သည့်ရနံ့မှန်းလည်းမသိကြ။အမှန်တကယ်တော့သူ့ဖယ်ရိုမုန်းကသူ့နံမည်လို အနက်ရှိူင်းဆုံးရေအောက်သမုဒ္ဒရာ။သူဒေါသထွက်၍ဖယ်ရိုမုန်းနှင့်ဖိနှိပ်လျှင် သမုဒ္ဒရာ၏အနက်ရှိူင်းဆုံးထဲဆွဲမြှပ်ခံထားရသလိုလူတိုင်းခံစားရလိမ့်မည်။ကြိုးစားရုန်းကန်ခွင့်မရှိ။ အဓိကဇာတ်လိုက်Omegaလေးနံမည်က မုတ်သုံလေညှင်း။အလယ်အလတ်မိသားစုကမွေးဖွားလာတဲ့ တစ်ဦးတည်းသောသားလေး။အဖြူရောင်ဆံနွယ်အုပ်အုပ်လေးနှင့် မျက်ဝန်းစိမ်းလေးတွေကြောင့် မြို့တော်ရဲ့ အလှပဂေးအဖြစ်သတ်မှတ်ခံထားရသူ။ဆရာဝန်လောင်းလေးတစ်ယောက်မို့ ပိုပြီးဂုဏ်သရေတင့်တယ်သည်။ အသက်ကွာခြားမှုက၁၁နှစ်။ကိုကို့ရဲ့ကလေးလေးပါပေါ့။စတွေ့ဆုံမှုက ညီဖြစ်သူ၏ ဆေးရုံသို့အလည်သွားရင်းအမှတ်မထင်တွေ့ဆုံခဲ့သည်။မြင်မြင်ချင်းအချစ်မဟုတ်ခဲ့သော အာဏာရှင်နှင့်အဖြူရောင်လေးတို့ကြားကလိုက်တမ်းပြေးတမ်းကစားပွဲလေး။ အချစ်အကြောင်းတစ်ခုမှမသိသူအာဏာရှင်ကြီးက အဖြူရောင်လေးကိုအပိုင်ရချင်သည်။ချစ်တာတွေမေတ္တာတွေသူမသိ။သူသိသည်မှာသူ့မိတ်ဖက်ဖြစ်စေရန်သာ။ဟိုကငြင်းသည် သူကလက်မခံ။တစ်သက်လုံး အထက်စီးမှာနေလာသူက အဖြူရောင်လေးအတွက်အောက်ကျို့ပေးနိုင်သည်အထိချစ်သည်။ သူတို့နှစ်ယောက်ကြားအကြီးမားဆုံးတံတိုင်းကြီးက ဖယ်ရိုမုန်းမကိုက်ညီခြင်း။ ဒီကြားထဲဝင်လာခဲ့တဲ့မုန်တိုင်းငယ်က လခြမ်းငယ်ငယ်ဆိုတဲ့စံပယ်ရနံ့လေး။အပြည့်အဝကိုက်ညီမှုရှိတဲ့ဖယ်ရိုမုန်းပိုင်ရှင်ဟာ သူတို့နှစ်ယောက်ကြားကဓားတစ်လက်လို။ထိုကောင်လေးရဲ့ကံဆိုးခဲ့ချိန်ပေါ့။ လခြမ်းငယ်ငယ်ကတစ်ကောင်ကြွက် ပန်းချီဆရာလေး။မိဘတွေဆုံးပါးသွားချိန်က သူဟာကလေးသာသာအရွယ်။ဦးလေးဖြစ်သူမိသားစု၏စောင့်ရှောက်မှုဖြင့် အနုပညာနဲ့ ကျောင်းပြီးထားသူ။ပန်းချီတွေကလွဲပြီး လောကကြီးကိုစိတ်မဝင်စားခဲ့တဲ့ထိုကောင်လေးအတွက် ဇာတ်လိုက်နှင့်တွေ့ဆုံမှုဟာသူ့ဘဝကံဆိုးခြင်းအစပင်။ မြင်မြင်ချင်းချစ်မိသွားသူဟာမိတ်ဖက်မှန်းသိသွားချိန်စတင်ရူးမိုက်တော့သည်။သူကံဆိုးခဲ့သည်။ထိုAlphaကသူနှင့်စတွေ့ချိန်မတော်တဆမှလွဲလျှင် အချိန်ပြည့်သတိကြီးနေသူသာ။သူပိုင်သည့်ဖယ်ရိုမုန်းကိုတစ်စက်ကလေးမှမယိုစိမ့်အောင်ထိန်းချုပ်ထားနိုင်သည့်သူ။ ထို့ပြင်နိုင်ငံ၏အမြင့်ဆုံး Dominant Alpha တစ်ယောက်အနေဖြင့် ဖယ်ရိုမုန်းထိန်းချုပ်နိုင်မှုကလည်းထိပ်တန်းပင်။မည်သည့်ဖယ်ရိုမုန်းနှင့်မှဆွဲဆောင်၍မရ။လိုက်ဖက်ညီမှုအမြင့်ဆုံးမိတ်ဖက်၏ဖယ်ရိုမုန်းဆွဲဆောင်မှုကိုတောင်ပေါ့။ တတိယလူပေါ်လာလျှင်ဖြစ်တတ်သော ဇာတ်ကွက်အတိုင်း သူတို့နှစ်ယောက်ကြား ကတောက်ကဆတွေဖြစ်သည်။နားလည်မှုတွေလွဲသည်။အဖြူရောင်လေးကရှောင်သည်။ထိုအကြောင်းတွေကြောင့်စိတ်ဆတ်ဒေါသထွက်နေသူသည် သူ့အားဆွဲဆောင်လာသောထိုကောင်လေးနှင့်ကြုံလိုက်ရသောအခါ သူ့ဒေါသအားပုံချပစ်ခဲ့သည်။ သူ့မိတ်ဆွေAlphaနှစ်ယောက်အားထိုကောင်လေးကိုဖျက်ဆီးစေ၍ သူကဝိုင်တစ်ခွက်ကိုင်ကာထိုင်ကြည့်ခဲ့သည်။သူ့ရှေ့မှာတင်ထိုသို့ဖျက်ဆီးခံလိုက်ရသူက သူ့အားမည်သို့ဆွဲဆောင်ရဲတော့မည်နည်း။သူသိပ်ကျေနပ်သည်။ သူဟာထိုမျှနှင့်မကျေနပ်သေးပေ။သူ့အားဆွဲဆောင်ရဲသည်အထိကိုက်ညီမှုရှိနေသော ထိုဖယ်ရိုမုန်းများ၊သူ့ချစ်သူနှင့်ကိုက်ညီမှုမရှိသောသူ့ဖယ်ရိုမုန်းများ သူတွေးရင်းနတ်ဆိုးဆန်ဆန်ပြုံးခဲ့သည်။ထို့နောက် ထို Omegaလေးအတွက်ငရဲကဆီးကြိုတော့သည်။ သူ့ glandအားခွဲထုတ်ခံလိုက်ရခြင်း။အနူးညံ့ဆုံး၊အထိမခံနိုင်ဆုံးထိုအစိတ်အပိုင်း Alphaများအတွက်ပင်မခံရပ်နိုင်အောင် ပြင်းထန်သောထိုခွဲစိတ်မှုအား အစိမ်းသက်သက်လုပ်ဆောင်ပစ်ခဲ့သည်။အနိုင်ကျင့်ခံရသောနာကျင်မှုမကုန်ဆုံးသေးခင်ထိုခွဲစိတ်မှုကြောင့် ခွဲစိတ်မပြီးခင်ထိုကောင်လေးဆုံးသည်။သူဟာလူမသိသူမသိလောကကြီးအားနှုတ်ဆက်သွားခြင်း။ ဦးလေးမိသားစုကထိုမြို့၌မရှိသည့်အပြင် အပေါင်းသင်းနည်းသောထိုကောင်လေးကအထီးကျန်စွာစွန့်ပစ်ခံလိုက်ရသည်။မြို့ပြင် အမှိုက်ပုံတစ်ခုမှာပေါ့။အုတ်ဂူမရှိအမှတ်ရမည့်သူမရှိ။သူနှစ်သက်ခဲ့သောကိုယ်ပိုင်ရနံ့နှင့်တူသည့်စံပယ်ပင်တွေမရှိသည့်အရပ်မှာ ပြာမှုန်လေးတောင်ဖြစ်ခွင့်မရခဲ့။ ထို့နောက် အဓိကဇာတ်လိုက်နှစ်ယောက်၏တွန်းလိုက်၊ဆွဲလိုက် ပြေးလိုက်၊လိုက်လိုက် ကောက်လိုက်၊ဖြောင့်လိုက်ဇာတ်လမ်းဆက်သည်။ကိုက်ညီသွားတဲ့ဖယ်ရိုမုန်းတွေဟာအချစ်ကြောင့်ပါတဲ့။သားတစ်ယောက်နဲ့ကြည်နူးစွာဇာတ်သိမ်းသည်ပေါ့။ သို့သော် သူ့စိတ်ထဲဝမ်းနည်းနေသည်မှာ ဗီလိန်ဟုမဆိုသာသည့်အရံဇာတ်ကောင်လေးအတွက်ပေါ့။ပန်းချီဝါသနာတူသည်။စံပယ်တွေနှစ်သက်သည်ခြင်းတူသည်။သူ့မှာတော့စံပယ်ပန်းရနံ့လေးမရှိ။သူ့ဖယ်ရိုမုန်းရနံ့က မိုးရွာပြီးလျှင်ရတတ်သောလတ်လတ်ဆတ်ဆတ်ရနံ့လေး။ ဖေဖေနှင့်မေမေကတော့ သိပ်မွှေးတဲ့ရနံ့လေးတဲ့။သို့သော်သူကစံပယ်တွေကိုပိုသဘောကျသည်။ထို့ကြောင့်သူ့အခန်းဝရံတာမှာစံပယ်အိုးတွေအပြည့်။မိုးရွာပြီးလျှင်သိပ်မွှေးပါသည်။သူHeatဖြစ်တိုင်းထိုရနံ့လေးတွေအားသူရှူရှိူက်မြဲ အချိန်တိုင်းစိတ်အေးချမ်းမှုပေးမြဲ။ တွေးရင်းသူအိပ်ငိုက်လာသည်။အပြင်မှာမိုးတွေကသည်းတုန်း။မနက်ဖြန်တော့နောက် ကျမှထမည်ဟုသူတွေးရင်းအိပ်လိုက်သည်။လျှပ်စီးတစ်ချက်အလက်မှာကောင်းကင်ကြီးဟာ နှစ်ခြမ်းကွဲသွားသလိုမျိုး။လျှပ်စီးကြောင်းဟာတစ်စုံတစ်ရာအားဆွဲငင်ချင်တစ်လို တစ်လူးလူးတစ်လွန့်လွန့်။လောကကြီးကတော့အိပ်မောကျဆဲ.... #################### ငြိမ်း🌻🌞 ေကာင္းကင္တစ္ခြင္လုံးက မွိုင္းညို႔ေနတယ္။မၾကာခင္ မုန္တိုင္းလာေတာ့မယ့္ ပင္လယ္ျပင္လို ပတ္ဝန္းက်င္က ၿငိမ္ၿငိမ္သက္သက္။လင္းထိန္ေနတဲ့ ကတၱရာလမ္းေပၚ သစ္႐ြက္ေႂကြသံသာ တရွပ္ရွပ္။လမ္းတစ္ေလွ်ာက္ အိမ္တံခါးေတြပိတ္ကာ မီးအလင္းေရာင္သာ လွ်ံက်ေနသည္။ လက္ထဲကိုင္ထားတာအား ခပ္တင္းတင္းဆုပ္လိုက္မိသည္။ လမ္းထိပ္ေစ်းဆိုင္မွ ဝယ္ယူခဲ့ေသာ ပဲနို႔ကဒ္က စေတာ္ဘယ္ရီအရသာေလး။ဆိုင္ရွင္အန္တီႀကီး အပိုေပးလိုက္တဲ့ ပဲနို႔ေလးကိုတႁပြတ္ႁပြတ္စုပ္ရင္း ေျခလွမ္းေတြကို သြက္မိသည္။အိမ္ႏွင့္ဆိုင္ကသိပ္မေဝး၍ တစ္ေယာက္တည္းထြက္လာျခင္းအား ေဖေဖသိလွ်င္ဆူအုံးမည္။ ႏွစ္မိနစ္စာသာက်န္ေသာခရီးလမ္းမွာ အိမ္ေလးအားျမင္ေနရၿပီ။ကားကေလးမေတြ႕ရေသးပုံေထာက္ ေဖေဖျပန္မေရာက္ေသးဘူးထင္။ေက်နပ္သလိုၿပဳံးမိေတာ့ ပါးျပင္ထက္ကပါးခ်ိဳင့္ေလးႏွင့္အတူ ေမွးမွိတ္သြားတဲ့ မ်က္ဝန္းဝိုင္းေလးေတြ။လူစည္ကားတဲ့ေန႕အခ်ိန္သာဆို လည္ျပန္ေငးၾကည့္သူေတြ ခလုတ္တိုက္အုံးမည္။ "ေကာင္ေလး " လူခိုနားရန္ျပဳလုပ္ေပးထားေသာ ခုံတန္းေလးေပၚ ခပ္ကုတ္ကုတ္ထိုင္ေနေသာ လူတစ္ေယာက္။ခပ္ပြပြ အႏြေးထည္ေအာက္က ခႏၱာကိုယ္က ပိန္ပိန္လွီလွီ။က်ိဳးတိုးက်ဲတဲဆံပင္ျဖဴေတြက ဇရာရဲ႕အေငြ႕သက္ေတြ။လက္ထဲကိုင္ထားတာက ခပ္ထူထူ စာအုပ္တစ္အုပ္။ခပ္မွိန္မွိန္လမ္းမီးေရာင္ေၾကာင့္ မ်က္ႏွာကအေမွာင္ထဲ တစ္စြန္းတစ္စ။ "ဗ်ာ ငယ္ငယ့္ကိုေခၚတာလား" "ဟုတ္တယ္ မင္း ေဗဒင္ၾကည့္ခ်င္လား ဒီစာအုပ္ေလးလက္ေဆာင္ေပးမယ္ ေထာင့္ ငါးရာပဲေပး" ျငင္းမယ့္စကားလုံးေတြက လည္ပင္းကေနေအာက္ျပန္ဆင္းတယ္။အိမ္ဘက္ျပန္လွည့္ၾကည့္ေတာ့ ေဖေဖမေရာက္ေသး။ေရာက္လာလည္းကိစၥမရွိ အိမ္အားျမင္ေနရၿပီျဖစ္၍ ေဖေဖလာေခၚစရာမလိုေတာ့။ေရွ႕ကလူႀကီးအားဂ႐ုဏာသက္လို႔ လက္ဝါးေလးျဖန့္ေပးလိုက္တယ္။ဒီတိုင္း ပိုက္ဆံေပးလိုက္၍ရေသာ္ျငား သူတစ္ပါးအား ေစာ္ကားမိမည္ကို ငယ္ငယ္ေၾကာက္ပါသည္။ မထင္မရွားမီးေရာင္ေအာက္ သူ႕လက္ဖဝါးေလးအားဆြဲလို႔ ေသခ်ာငုံ႕ၾကည့္ေနရွာသည္။ေလတစ္ခ်က္တိုက္လို႔ လြင့္ပါလာတဲ့ရနံ႕က ေဘးအိမ္ကစံပယ္႐ုံဆီက။သူခပ္ပါးပါးေလးၿပဳံးမိသည္။သူ စံပယ္ေတြကိုခ်စ္သည္။ "မင္း အခ်စ္ေရးကံမေကာင္းဘူး အခ်စ္ကိုမယုံၾကည္နဲ႕ မင္းကိုခ်စ္တဲ့သူကိုမယုံၾကည္နဲ႕ မင္းမွာခ်စ္ခြင့္မရွိဘူး အကယ္၍မင္းခ်စ္မိခဲ့ရင္ နာက်င္ရလိမ့္မယ္ မင္းအခ်စ္ကိုရတဲ့သူက မင္းေၾကာင့္ေသလိမ့္မယ္ မင္းကိုခ်စ္မိတဲ့သူေၾကာင့္ မင္းေသလိမ့္မယ္ မေကာင္းမႈ နတ္ဆိုးက မင္းကိုခ်စ္ခြင့္မေပးထားဘူး" ထိုစကားေတြအားၾကားမိေတာ့ သူ,မထူးဆန္းသလို ၿပဳံးလိုက္မိသည္။ငယ္စဥ္ကတည္းက ၾကားလာရေသာထိုစကားမ်ားက သူ႕အတြက္ အထူးအဆန္းမဟုတ္ေတာ့။ေတြ႕ဖူးသမွ်ေဗဒင္ဆရာတိုင္း ထိုစကားလုံးေတြအားေျပာတတ္လြန္း၍ သူအလြတ္ေတာင္ရေနၿပီ "ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဗ် ဒီမွာ ဥာဏ္ပူေဇာ္ခေလးပါဗ် မိုး႐ြာေတာ့မယ္ထင္တယ္ အိမ္ျပန္သင့္ၿပီဗ်" သူ႕စကားအဆုံး လက္ထဲမွစာအုပ္အားကမ္းေပးကာ သူ႕လက္ထဲမွပိုက္ဆံအားယူသြားသည္။ထို႔ေနာက္ ဘာမွမေျပာဘဲ ျပန္ရန္အခ်က္ျပသူေၾကာင့္ ေက်ာခိုင္းကာ အိမ္ဆီ ခပ္သုတ္သုတ္ေျပးရသည္။ေဖေဖျပန္ေရာက္ၿပီ။အိမ္ေရာက္လွ်င္ အဆူခံရေတာ့မည္။ ထို႔ေၾကာင့္ က်န္ခဲ့ေသာ ေဗဒင္ဆရာ၏ ခပ္မဲ့မဲ့အၿပဳံးအား မျမင္ေတာ့သလို မ်က္ဝန္းနီတစ္စုံကိုလည္း မျမင္လိုက္။ထိုလူက လက္ထဲမွပိုက္ဆံေလးအား မီးေတာက္နီျဖင့္ ေလာင္ကြၽမ္းလိုက္၏။ထို႔ေနာက္ ခပ္တိုးတိုးေရ႐ြတ္သံက မိုးစက္မ်ားေအာက္ ေပ်ာက္ဆုံးသြားေတာ့သည္။ ...... ငယ္ငယ္ ေရခ်ိဳးကာ pajama အစိမ္းေရာင္ေလးထုတ္ဝတ္မိသည္။ထို႔ေနာက္ေစာင္ပုံေလးထဲေျပးဝင္သြားတာ ယုန္ေလးတစ္ေကာင္လို။ညေနအိမ္ျပန္ေရာက္ေတာ့ ေဖေဖမဆူ၍ေတာ္ေသးသည္။တစ္ေယာက္တည္း ဘယ္မွမသြားဖူး၍ ရပ္ကြက္ထဲက အိမ္အခ်ိဳ႕ေတာင္ မမွတ္မိတတ္တာ ငယ္ငယ့္အားနည္းခ်က္။ထို႔ေၾကာင့္ ေဖေဖကစိတ္မခ်။ ညေနကေမေမ,မအား၍ တစ္ေယာက္တည္းထြက္သြားမိျခင္း။ငါးမိနစ္ခန့္ခရီးမို႔ ေမေမကစိတ္ခ်ကာလႊတ္လိုက္ျခင္း။ၿပီးေတာ့ အိမ္မွာစေတာ္ဘယ္ရီပဲနို႔ကုန္ေနၿပီ။ညခင္းမိုး႐ြာမွာ ေသခ်ာ၍ မနက္ျဖန္ဘယ္မွမထြက္ခ်င္ေတာ့။အိမ္မွာပဲေနကာ ပန္းခ်ီဆြဲမည္။ ဟုတ္သည္ ငယ္ငယ္က အိမ္မွာေနရင္းပန္းခ်ီေတြဆြဲသည္။ငယ္ငယ့္အသက္က၂၂ႏွစ္။ဒီႏွစ္မွ ဘြဲ႕ရထားတာ။ထို႔ေၾကာင့္ အျပင္သြားမွာစိတ္မခ်ေသာမိဘမ်ားက အိမ္မွာ ပန္းခ်ီဆြဲဖို႔ အခန္းျပင္ေပးထားသည္။ဆြဲၿပီးသားပန္းခ်ီေတြကိုေတာ့ ေဖေဖ့သူငယ္ခ်င္း ျပခန္းမွာတင္ေပးေနက်။ ၿပီးေတာ့ငယ္ငယ္က လက္မႈပစၥည္းေလးေတြလုပ္ရတာ၊ခ်ည္ထိုးရတာ၊ဟင္းခ်က္တာ အကုန္ဝါသနာပါသည္။အပ်င္းေျပ ဝတၳဳေလးေတြလည္းေရးေသးသည္။ဖတ္သူသိပ္မရွိေပမယ့္ေပါ့။ "ဂ်ိန္း" အျပင္ဘက္ေကာင္းကင္မွ လွ်ပ္စီးႏွင့္အတူ မိုးၿခိမ္းသံက ဂ်ိန္းကနဲ။မီးကလည္း ျဖတ္ခနဲပ်က္သည္။ေတာ္ေသးသည္ ငယ္ငယ္အေမွာင္ေၾကာက္တတ္မွန္းသိ၍ ေဖေဖမီးစက္ႀကိဳႏွိုးထားေပးလို႔။ထို႔ေနာက္ေစာင္ေလးထဲေကြး၍ ညေနကရခဲ့ေသာ စာအုပ္ေလးအားဖြင့္သည္။ေခါင္းစဥ္မပါေသာ ဝတၳဳက အခန္း၁ ကစသည္။ နိဒါန္းမပါ။စာေရးသူနံမည္မပါ။ေခါင္းစဥ္မပါေသာဝတၳဳက အေၾကာင္းျပခ်က္မဲ့ သူ႕အားဆြဲေဆာင္သည္။ထို႔ေၾကာင့္မနက္ သုံးနာရီထိသူမအိပ္ျဖစ္ေသး။မိုးေတြကလည္းသည္းသည္းမည္းမည္း႐ြာသည္။ပတ္ဝန္းက်င္တစ္ခုလုံးက ကမၻာပ်က္ေနသလိုမ်ိဳး။ရင္ထဲနင့္ေနျခင္းမွာ အေျဖရွာမရ။happy ending ဆိုေသာ္ျငား ရင္ထဲတစ္တစ္ဆို႔ဆို႔။ ထို႔ေနာက္ စာအုပ္ေလး ေခါင္းအုံးေအာက္ထိုးလို႔ ေစာင္အားတင္းတင္းဆြဲကာၿခဳံလိုက္သည္။မ်က္လုံးေတြကမွိတ္မရေသး။မွိတ္ခဲ့မိလွ်င္ အိမ္မက္ဆိုးမက္မည္ကို ႀကိဳသိေနေသာစိတ္အားမုန္းပါသည္။ထို႔ေနာက္ ျပန္မစဥ္းစားဘဲ ဝင္ေရာက္လာေသာ ဝတၳဳထဲကအေၾကာင္းအရာမ်ား။ ဝတၳဳကရိုးရွင္းပါသည္။အာဏာရွင္ဆန္ဆန္ ဇာတ္လိုက္ Alpha ႏွင့္ ရိုးသားႀကိဳးစားကာ မေၾကာက္တတ္ေသာ omega ေလး။ ဇာတ္လိုက္နံမည္က သမုဒၵရာ (ခ)Ocean တစ္နိုင္ငံလုံးကို ထိန္းခ်ဳပ္ထားနိုင္တဲ့ အမ်ိဳးသားဇာတ္လိုက္ေပါ့။သမၼတကအစ သူ႕ရဲ႕႐ုပ္ေသး႐ုပ္ေလးပါဘဲ။ညီႏွစ္ေယာက္ျဖစ္တဲ့ မိုးကုပ္စက္ဝိုင္း(ခ)Horizon နဲ႕မဟာပထဝီက(ခ) Geo နိုင္ငံရဲ႕အေတာ္ဆုံးဆရာဝန္နဲ႕ Hacker ။ၿပီးေတာ့ Dominant Alphaေတြခ်ည္း။ အခ်မ္းသာဆုံး အင္အားအႀကီးဆုံး ဒီမိသားစုကို ဘယ္သူေတြက မေၾကာက္မွာတဲ့လဲ။႐ုပ္ရည္သြင္ျပင္ကအစ အရွိန္အဝါနဲ႕စည္းစိမ္ခ်မ္းသာေတြအဆုံး လိုခ်င္သူေတြဝိုင္းဝိုင္းလည္ေနေသာ္လည္း အဓိကဇာတ္လိုက္က အသက္ ၃၀ေက်ာ္ထိ လက္တြဲေဖာ္မရွိခဲ့။ရည္းစားပင္ မထားခဲ့ဖူးသည္ဆိုလွ်င္ ပိုမွန္ပါလိမ့္မည္။ သူ၏ဖယ္ရိုမုန္းရနံ႕ကို မည္သူမွမရဖူးသလို မည္သည့္ရနံ႕မွန္းလည္းမသိၾက။အမွန္တကယ္ေတာ့ သူ႕ဖယ္ရိုမုန္းက သူ႕နံမည္လို အနက္ရွိူင္းဆုံးေရေအာက္ သမုဒၵရာ။သူစိတ္တိုလွ်င္ သမုဒၵရာ၏ အနက္ရွိူင္းဆုံးထဲ ဆြဲျမႇပ္ခံထားရသလို လူတိုင္းခံစားရလိမ့္မည္။ႀကိဳးစား႐ုန္းကန္ခြင့္မရွိ။ အဓိကဇာတ္လိုက္omegaေလးနံမည္က မုတ္သုံေလညွင္း။အလယ္အလတ္မိသားစုက ေမြးဖြားလာတဲ့ တစ္ဦးတည္းေသာသားေလး။အျဖဴေရာင္ဆံႏြယ္အုပ္အုပ္ေလးႏွင့္ မ်က္ဝန္းစိမ္းေလးေတြေၾကာင့္ ၿမိဳ႕ေတာ္ရဲ႕ အလွပေဂးအျဖစ္ သတ္မွတ္ခံထားရသူ။ဆရာဝန္ေလာင္းေလးတစ္ေယာက္မို႔ ပိုၿပီးဂုဏ္သေရတင့္တယ္သည္။ အသက္ကြာျခားမႈက ၁၁ႏွစ္။ကိုကို႔ရဲ႕ကေလးေလးပါေပါ့။စေတြ႕ဆုံမႈက ညီျဖစ္သူ၏ ေဆး႐ုံသို႔အလည္သြားရင္း အမွတ္မထင္ေတြ႕ဆုံခဲ့သည္။ျမင္ျမင္ခ်င္းအခ်စ္မဟုတ္ခဲ့ေသာ အာဏာရွင္ႏွင့္အျဖဴေရာင္ေလးတို႔ လိုက္တမ္းေျပးတမ္းကစားပြဲေလး။ အခ်စ္အေၾကာင္း တစ္ခုမွမသိသူအာဏာရွင္ႀကီးက အျဖဴေရာင္ေလးကို အပိုင္ရခ်င္သည္။ခ်စ္တာေတြ ေမတၱာေတြသူမသိ။သူသိသည္မွာ သူ႕မိတ္ဖက္ျဖစ္ေစရန္သာ။ဟိုကျငင္းသည္ သူကလက္မခံ။တစ္သက္လုံး အထက္စီးမွာေနလာသူက အျဖဴေရာင္ေလးအတြက္ ေအာက္က်ိဳ႕ေပးနိုင္သည္အထိခ်စ္သည္။ သူတို႔ႏွစ္ေယာက္ၾကား အႀကီးမားဆုံးတံတိုင္းႀကီးက ဖယ္ရိုမုန္းမကိုက္ညီျခင္း။ ဒီၾကားထဲ ဝင္လာခဲ့တဲ့မုန္တိုင္းငယ္က လမင္းငယ္ငယ္ဆိုတဲ့ စံပယ္ရနံ႕ေလး။အျပည့္အဝကိုက္ညီမႈရွိတဲ့ ဖယ္ရိုမုန္းပိုင္ရွင္ဟာ သူတို႔ႏွစ္ေယာက္ၾကားက ဓားတစ္လက္လို။ထိုေကာင္ေလးရဲ႕ ကံဆိုးခဲ့ခ်ိန္ေပါ့။ ထိုေကာင္ေလးက တစ္ေကာင္ႂကြက္ ပန္းခ်ီဆရာေလး။မိဘေတြဆုံးပါးသြားခ်ိန္က သူဟာကေလးသာသာအ႐ြယ္။ဦးေလးျဖစ္သူမိသားစုက ေစာင့္ေရွာက္ရင္း အႏုပညာနဲ႕ ေက်ာင္းၿပီးထားသူ။ပန္းခ်ီေတြကလြဲၿပီး ေလာကႀကီးကို စိတ္မဝင္စားခဲ့တဲ့ထိုေကာင္ေလးဟာ ဇာတ္လိုက္ႏွင့္ေတြ႕ဆုံမႈဟာ သူ႕ဘဝကံဆိုးျခင္းအစပင္။ ျမင္ျမင္ခ်င္းခ်စ္မိသြားသူဟာ မိတ္ဖက္မွန္းသိသြားခ်ိန္ သူဟာစတင္႐ူးမိုက္ေတာ့သည္။သူကံဆိုးခဲ့သည္။ထို Alpha က သူႏွင့္စေတြ႕ခ်ိန္မေတာ္တဆမွ လြဲလွ်င္ အခ်ိန္ျပည့္သတိႀကီးေနသူသာ။ ထို႔ျပင္ နိုင္ငံ၏အျမင့္ဆုံး Dominant Alpha တစ္ေယာက္အေနျဖင့္ ဖယ္ရိုမုန္း ထိန္းခ်ဳပ္နိုင္မႈကလည္း ထိပ္တန္းပင္။ထို႔ေၾကာင့္မည္သည့္ ဖယ္ရိုမုန္းႏွင့္မွ ဆြဲေဆာင္၍မရ။ လိုက္ဖက္ညီမႈအျမင့္ဆုံး မိတ္ဖက္၏ ဖယ္ရိုမုန္းဆြဲေဆာင္မႈကိုေတာင္ေပါ့။ တတိယလူေပၚလာလွ်င္ျဖစ္တတ္ေသာ ဇာတ္ကြက္အတိုင္း သူတို႔ႏွစ္ေယာက္ၾကား ကေတာက္ကဆေတြျဖစ္သည္။နားလည္မႈေတြလြဲသည္။အျဖဴေရာင္ေလးကေရွာင္သည္။ထိုအေၾကာင္းေတြေၾကာင့္ စိတ္ဆတ္ေဒါသထြက္ေနသူသည္ သူ႕အားဆြဲေဆာင္လာေသာ ထိုေကာင္ေလးႏွင့္ႀကဳံလိုက္ရေသာအခါ သူ႕ေဒါသအားပုံခ်ပစ္ခဲ့သည္။ သူ႕မိတ္ေဆြ Alpha ႏွစ္ေယာက္အား ထိုေကာင္ေလးကိုဖ်က္ဆီးေစ၍ သူကဝိုင္တစ္ခြက္ကိုင္ကာ ထိုင္ၾကည့္ခဲ့သည္။ထိုသို႔ဖ်က္ဆီးခံလိုက္ရသူက သူ႕အားမည္သို႔ ဆြဲေဆာင္ရဲေတာ့မည္နည္း။သူသိပ္ေက်နပ္သည္။ သူဟာထိုမွ်ႏွင့္ မေက်နပ္ေသးေပ။သူ႕အားဆြဲေဆာင္ရဲသည္အထိ ကိုက္ညီမႈရွိေနေသာ ထိုဖယ္ရိုမုန္းမ်ား၊သူ႕ခ်စ္သူႏွင့္ ကိုက္ညီမႈမရွိေသာ သူ႕ဖယ္ရိုမုန္းမ်ား သူေတြးရင္း နတ္ဆိုးဆန္ဆန္ၿပဳံးခဲ့သည္။ထို႔ေနာက္ ထို Omegaေလးအတြက္ ငရဲကဆီးႀကိဳေတာ့သည္။ သူ႕ glandအား ခြဲထုတ္ခံလိုက္ရျခင္း။အႏူးညံ့ဆုံး အထိမခံနိုင္ဆုံး ထိုအစိတ္အပိုင္း၊Alphaမ်ားအတြက္ပင္ မခံရပ္နိုင္ေအာင္ ျပင္းထန္ေသာ ထိုခြဲစိတ္မႈအား အစိမ္းသက္သက္သူခြဲထုတ္ပစ္သည္။အနိုင္က်င့္ခံရေသာ နာက်င္မႈမကုန္ဆုံးေသးခင္ ထိုခြဲစိတ္မႈေၾကာင့္ ခြဲစိတ္မၿပီးခင္ ထိုေကာင္ေလးဆုံးသည္။သူဟာ လူမသိသူမသိ ေလာကႀကီးအား ႏႈတ္ဆက္သြားျခင္း။ ဦးေလးမိသားစုက ထိုၿမိဳ႕၌မရွိသည့္အျပင္ အေပါင္းသင္းနည္းေသာ ထိုေကာင္ေလးကအထီးက်န္စြာ စြန့္ပစ္ခံလိုက္ရသည္။ၿမိဳ႕ျပင္ အမွိုက္ပုံတစ္ခုမွာေပါ့။အုတ္ဂူမရွိ အမွတ္ရမည့္သူမရွိ။သူႏွစ္သက္ခဲ့ေသာ ကိုယ္ပိုင္ရနံ႕ႏွင့္တူသည့္ စံပယ္ပင္ေတြမရွိ။ျပာမႈန္ေလးေတာင္ျဖစ္ခြင့္မရခဲ့။ ထို႔ေနာက္ အဓိကဇာတ္လိုက္ႏွစ္ေယာက္၏တြန္းလိုက္ ဆြဲလိုက္ ေျပးလိုက္ လိုက္လိုက္ ေကာက္လိုက္ ေျဖာင့္လိုက္ဇာတ္လမ္းဆက္သည္။ကိုက္ညီသြားတဲ့ ဖယ္ရိုမုန္းေတြဟာ အခ်စ္ေၾကာင့္ပါတဲ့။သားတစ္ေယာက္နဲ႕ ၾကည္ႏူးစြာဇာတ္သိမ္းသည္ေပါ့။ သို႔ေသာ္ သူ႕စိတ္ထဲဝမ္းနည္းေနသည္။အရံဇာတ္ေကာင္ေလးအတြက္ေပါ့။ပန္းခ်ီ ဝါသနာတူသည္။စံပယ္ ႀကိဳက္သည္ျခင္းတူသည္။သူ႕မွာေတာ့ စံပယ္ပန္းရနံ႕ေလးမရွိ။သူ႕ ဖယ္ရိုမုန္းရနံ႕က မိုး႐ြာၿပီးလွ်င္ရတတ္ေသာ လတ္လတ္ဆတ္ဆတ္ရနံ႕ေလး။ ေဖေဖနဲ႕ေမေမကေတာ့ သိပ္ေမႊးတဲ့ရနံ႕ေလးတဲ့။သို႔ေသာ္သူက စံပယ္ေတြကို ပိုသေဘာက်သည္။ထို႔ေၾကာင့္ သူ႕အခန္းဝရံတာမွာ စံပယ္အိုးေတြအျပည့္။မိုး႐ြာၿပီးလွ်င္ သိပ္ေမႊးပါသည္။သူ Heat ျဖစ္တိုင္း ထိုရနံ႕ေလးေတြအား သူရႉရွိူက္ၿမဲ။သူ႕အား စိတ္ ေအးခ်မ္းမႈေပးသည္။ ေတြးရင္း သူအိပ္ငိုက္လာသည္။အျပင္မွာမိုးေတြက သည္းတုန္း။မနက္ျဖန္ေတာ့ ေနာက္ က်မွထမည္ဟု သူေတြးရင္းအိပ္လိုက္သည္။လွ်ပ္စီးတစ္ခ်က္အလက္မွာ ေကာင္းကင္ႀကီးဟာ ႏွစ္ျခမ္းကြဲသြားသလိုမ်ိဳး။လွ်ပ္စီးေၾကာင္းဟာ တစ္စုံတစ္ရာအား ဆြဲငင္ခ်င္တစ္လို တစ္လူးလူး တစ္လြန့္လြန့္။ေလာကႀကီးကေတာ့ အိပ္ေမာက်ဆဲ.... #################### ၿငိမ္း🌻🌞

--------------------------------------------------

More stories from the bookshelf

Browse all novels ↗